Skip to main content

ကျောဘက်ကင်မရာဖွဲ့စည်းပုံ အသစ်နဲ့ Xiaomi Mi 11 Pro ရဲ့ Render ပေါက်ကြားထွက်ပေါ်လာ

Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလထဲမှာ Mi 11 ကို တရားဝင် မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဖြန့်ချိတဲ့ကာလတိုတောင်းသေးတယ်ဆိုပေမယ့် Mi 11 ကိုကြိုက်နှစ်သက်သူများပြားပြီး၊ ဒီနေ့အထိလည်း ကောင်းမွန်တဲ့ ရလဒ်ကို ဖော်ဆောင်နေတာ တွေ့မြင်ရပါတယ်။

Weibo မှာ ပျံ့နှံ့နေတဲ့သတင်းက သိပ်မဝေးတဲ့အချိန်ကာလအတွင်း Xiaomi Mi 11 Pro ကို မိတ်ဆက်လာတော့မယ် ဆိုတာပါပဲ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း Mi 10 နဲ့ Mi 10 Pro တွေကို မရှေးမနှောင်းမှာတင် ဖြန့်ချိခဲ့တာကြောင့် Mi 11 Pro ကို မကြာခင်မိတ်ဆက်မယ်ဆိုတာဟာ အဓိပ္ပါယ်ရှိတယ်လို့ ဆိုရပါလိမ့်မယ်။


ပေါက်ကြားထွက်ပေါ်နေတဲ့ Render ပုံရိပ်တွေမှာတော့ Mi 11 Pro ကို Blue နဲ့ Silver ဆိုပြီး အရောင်နှစ်မျိုးနဲ့ တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျောဘက်ကင်မရာဖွဲ့စည်းပုံကတော့ အံ့အားသင့်စရာပုံစံဖြစ်ပြီး၊ Mi 11 နဲ့ လုံးဝကို မတူညီတဲ့ ဒီဇိုင်းဖြစ်နေတာကို တွေ့မြင်ရပါတယ်။


Mi 11 Pro မှာ ကျောဘက်ကင်မရာ လေးလုံးပါဝင်ပါတယ်။ တစ်မျိုးကတော့ Periscope zoom အမျိုးအစား ဖြစ်ပြီးဘေးမှာ “120x” လို့ရေးထိုးထားတာကို တွေ့ရပါတယ်။ Xiaomi အနေနဲ့ Mi 11 Pro ရဲ့ Digitally zoom ကို Mi 10 Ultra ထက် နည်းတာမျိုး မလိုချင်ဘူးလို့ ယုံကြည်ရပါတယ်။ တစ်နည်းအားဖြင့် Digitally zoom က ပိုများလာမယ်လို့ မျှော်လင့်ရပါတယ်ကျန်တဲ့ကင်မရာတွေကတော့ Ultra-wide မှာ 35mm နဲ့ ညီမျှတဲ့ 12mm Focal length ပါရှိပြီး၊ Periscope ကတော့ 120mm အထိ ဖြစ်တယ်လို့ သိရပါတယ်။ အခြားတစ်ခုကတော့ Mi 11 မှာလိုပဲ 108MP sensor ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ နောက်ဆုံးကင်မရာက Zooming ပိုင်းမှာ ပိုပြီးချောမွေ့စေမယ့် 2x ဒါမှမဟုတ် 3x tele ဖြစ်မယ်လို့ ယူဆရပါတယ်။ Mi 11 pro မှာ Snapdragon 888 ကိုပဲသုံးပေးသွားမှာပါ။ Display Size ကတော့ Mi 11 နဲ့ အတူတူ ဖစ်ပြီး Under Display Selfie Camera ပါ၀င်လာမယ်လို့လည်းသိရပါတယ်။

Comments