Skip to main content

Posts

Showing posts with the label Xiaomi

ဈေးအသက်သာဆုံးSnapdragon 888 5G သုံး Redmi Smartphone ထွက်ပေါ်လာတော့မည်(Redmi K40‌Pro)

Snapdragon 888 ကိုမိတ်ဆက်ခဲ့ပြီး မကြာခင်မှာပဲ Company အသီးသီးကနေ Snapdragon 888 သုံး Smartphoneတွေကို ထုပ်လုပ်လာတော့မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ် ။ Xiaomi , Samsung , Realme , OnePlus , OPPO စတဲ့ Android Phone Companyတွေကုန် ကြေငြာခဲ့ပေမယ့် ပထမဆုံး Snapdragon 888 သုံး Smartphoneအဖြစ် ထွက်ပေါ်လာတာကတော့ Xiaomi Mi 11 ပဲဖြစ်ပါတယ် ။  ဒီနောက်မှာတော့ Xiaomi ရဲ့ Sub-Brand Redmi ကနေလည်း Snapdragon 888 သုံး Smartphone ကိုထုတ်လုပ်လာတော့မှာဖြစ်ပါတယ် ။ အဆိုပါ Redmi Phone ဟာ Code Name Haydn လို့အမည်ရပြီး Model Name K11 လို့သိရပါတယ် ။ Digital Chat Station ကလည်း အဆိုပါ Redmi Phone ဟာ ဈေးအသက်သာဆုံး Snapdragon 888 သုံး Smartphoneဖြစ်လာမယ်လို့ဆိုထားပါတယ် ။  Redmi General Manager Lu Weibingကလည်း Snapdragon 888 Phone ကို Tease လုပ်ထားပြီးပါပြီ ။ Redmi အနေနဲ့ K40 Pro လို့ပဲနာမည်ပေးလာမလား ဒါမှမဟုတ် K11 လို့ပဲနာမည်ပေးလာမလား စောင့်ကြည်ရပါမယ် ။ ဒါ့အပြင် Code Name Emperor လို့ သိရတဲ့ Snapdragon 888 ပါ၀င်လာမယ့် BlackShark Gaming Phone ကိုလည်း မကြာခင်မှာပဲ မိတ်ဆက်ပါဦးမှာပါ ။ 

Redmi K30S ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Xiaomi

Xiaomi ဟာ Mi 10T Series စမတ်ဖုန်းတွေကို Global စျေးကွက်မှာ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Mi 10T Series ကိုပဲ တရုတ်နိုင်ငံစျေးကွက်အတွက် Redmi K30S အနေနဲ့ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ Xiaomi ကနေ အခုအချိန်အထိ Redmi K30S ကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ပြောကြားခဲ့ခြင်းမရှိပေမယ့်လည်း သတင်းတွေ Leak သတင်းတွေအရတော့ လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။  အဆိုပါ Redmi K30S စမတ်ဖုန်းဟာ Mi 10T Pro အစား Mi 10T ကိုပဲ နာမည်ပြောင်းလဲမိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။RAM နဲ့ Storage အနေနဲ့ကတော့ 6GB + 128GB ၊ 8GB + 128GB အပြင် RAM 12GB Version ပါမိတ်ဆက်လာနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ ဘယ်လောက်ဖြစ်မလဲဆိုတာကို အတိအကျမသိရှိရသေးပေမယ့် လက်ရှိ Redmi K30 Pro နဲ့ K30 Ultra ဖုန်း ၂ လုံးရဲ့ စျေးနှုန်းနဲ့ ပိုပြီးဆင်တူနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အဲ့ဒီအတွက် Redmi K30S စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Chipset ၊ 6.67″ 144Hz LCD Display နဲ့ 64MP Primary Sensor ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Battery အနေနဲ့လည်း 5000mAh Battery ...

တရုတ်နိုင်ငံမှာ အစောဆုံးထွက်ရှိမယ့် Snapdragon 875 ဖုန်းဖြစ်လာမယ့် Xiaomi Mi 11

Qualcomm ဟာ လာမယ့်နှစ်မှာထွက်ရှိလာမယ့် Flagship ဖုန်းတွေအတွက် Snapdragon 875 Chipset အသစ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ အဆိုပါ Snapdragon 875 Chipset ကို အရင်ဆုံး အသုံးပြုလာမယ့် Flagship ဖုန်းက Xiaomi Mi 11 ဖြစ်လာနိုင်ပါတယ်။ ယခုသတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပြီး Xiaomi ဟာ Qualcomm ဆီကနေ Snapdragon 875 Chipset တွေကို အစောဆုံးရယူထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော တရုတ်စမတ်ဖုန်းကုမ္ပဏီတွေထက် အချိန်အတိုင်းအတာတစ်ခုအထိ ကြိုတင်မိတ်ဆက်နိုင်အောင် Exclusive ရယူထားတယ်လို့လည်း သိရပါတယ်။ Xiaomi ရဲ့ စမတ်ဖုန်းတွေဟာ Qualcomm Snapdragon Chipset တွေကို အမြဲတမ်းလိုလို အစောဆုံးရရှိပြီး မိတ်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဥပမာ Redmi K30 5G Racing Edition ဆိုရင်လည်း လက်ရှိအချိန်အထိ Snapdragon 768 Chipset ကိုအသုံးပြုထားတဲ့ တစ်ခုတည်းသောစမတ်ဖုန်းဖြစ်နေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် Xiaomi Mi 11 ဟာ တရုတ်နိုင်ငံစမတ်ဖုန်းကုမ္ပဏီတွေထဲမှာ ပထမဆုံးသော Snapdragon 875 Chips...