Asus အနေနဲ့လွန်ခဲ့တဲ့ 2018 တုတ်ကထုတ်ထားတဲ့ ပထမဆုံး ROG Phone ကို Android 10 Update ပေးတော့မှာ မဟုတ်ကြောင်း ကြေငြာခဲ့ပါတယ် ။ စထွက်တုန်းက Android 8.1 Oreo နဲ့ဖြစ်ပြီး နောက်ပိုင်းမှာ Android 9.0 Pie ကို ထုတ်ပေးခဲ့ပါတယ် ။ Snapdragon 845 ကိုအသုံးပြုပေးထားပြီး အခုချိန်မှာ Android 10 ကို ကောင်းကောင်းကြီး Handle လုပ်နိုင်နေဆဲဖြစ်ပေမယ့် ကံမကောင်းစွာပဲ ရရှိတော့မှာမဟုတ်ပါဘူး ။
Snapdragon 845 သုံးထားတဲ့ အခြားသော Company တွေရဲ့ Smartphoneတွေကတော့ Android 10 ကို ရရှိနေတာကြာပါပြီ ။ POCO F1 ဆိုရင် လွန်ခဲ့တဲ့ နှစ်ကတည်းက Android 10 ကို ရရှိနေတာပါ ။ ROG လို ဈေးကြီးတဲ့ ဖုန်းကို မပေးတာကတော့ Asus အနေနဲ့ မမိုက်ပါဘူး ။ ဒါ့အပြင် Original ROG Phone ဟာ Xiaomi Device တွေလို Developer တွေကြား Popular မဖြစ်လှတာကြောင့် Custom Rom ဆိုတာလည်း မရှိပါဘူး ။ ဆိုတော့ ROG Phone သုံးနေတဲ့သူတွေ အနေနဲ့ Android 9 Pie မှာပဲ ကျေနပ်ရတော့မှာပါ။



Comments
Post a Comment