Snapdragon 888 ကိုမိတ်ဆက်ခဲ့ပြီး မကြာခင်မှာပဲ Company အသီးသီးကနေ Snapdragon 888 သုံး Smartphoneတွေကို ထုပ်လုပ်လာတော့မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ် ။ Xiaomi , Samsung , Realme , OnePlus , OPPO စတဲ့ Android Phone Companyတွေကုန် ကြေငြာခဲ့ပေမယ့် ပထမဆုံး Snapdragon 888 သုံး Smartphoneအဖြစ် ထွက်ပေါ်လာတာကတော့ Xiaomi Mi 11 ပဲဖြစ်ပါတယ် ။
ဒီနောက်မှာတော့ Xiaomi ရဲ့ Sub-Brand Redmi ကနေလည်း Snapdragon 888 သုံး Smartphone ကိုထုတ်လုပ်လာတော့မှာဖြစ်ပါတယ် ။ အဆိုပါ Redmi Phone ဟာ Code Name Haydn လို့အမည်ရပြီး Model Name K11 လို့သိရပါတယ် ။ Digital Chat Station ကလည်း အဆိုပါ Redmi Phone ဟာ ဈေးအသက်သာဆုံး Snapdragon 888 သုံး Smartphoneဖြစ်လာမယ်လို့ဆိုထားပါတယ် ။



Comments
Post a Comment