Skip to main content

Posts

Showing posts with the label Oppo

AnTuTu မှာ စံချိန်တင်ပြီး Geekbench မှာလည်း ရလဒ်ကောင်းနေခဲ့တဲ့ OPPO Find X3

OPPO Find X3 စီးရီးကို ဒီနှစ်ရဲ့ ပထမသုံးလပတ်ထဲမှာပဲ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ရက်က OPPO Find X3 နဲ့ ပတ်သက်တဲ့သတင်းနှစ်ခု ထွက်ပေါ်လာပါတယ်။ ပထမတစ်ခုကတော့ Find X3 ဟာ AnTuTu မှာ စံချိန်တင်ရမှတ်ကို ရရှိခဲ့တဲ့အကြောင်းပါ။ AnTuTu မှာမြင်တွေ့ရတာကတော့ OPPO Find X3 ရဲ့ ရမှတ်ဟာ 771,491 မှတ်ပဲ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ တစ်ဆက်တည်းဆိုသလိုပဲ Geekbench မှာ Snapdragon 888 နဲ့ Find X3 (ဒါမှမဟုတ် X3 pro) ကို တွေ့မြင်လာရပြန်ပါတယ်။ မော်ဒယ်နံပါတ်ကတော့ CPH2173 နဲ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Find X2 ရဲ့မော်ဒယ်နံပါတ်ဟာ CPH2023 ဖြစ်ပြီး X2 Pro ကတော့ CPH2025 ဖြစ်ခဲ့ပါတယ်။ မော်ဒယ်နံပါတ် OPPO CPH2173 နဲ့ Device ဟာ Snapdragon 888 chipset နဲ့အတူ 12GB of RAM, Android 11 မောင်းနှင်ထားတာကို တွေ့ရပါတယ်။ ရလဒ်တွေကတော့ Single-Core မှာ 1,134 မှတ်၊ Multi-Core မှာ 3,660 မှတ်တို့ပဲ ဖြစ်ပါတယ်။ ဒီရမှတ်တွေဟာ Qualcomm က တရားဝင်မျှဝေထားတာနဲ့ ကိုက်ညီပါတယ်။ OPPO Find X3 ဟာ 6.7-inch QHD+ 120Hz AMOLED မျက်နှာပြင်နဲ့ ဖြစ်မယ်လို့ သိရပါတယ်။ ကင်မရာပိုင်းအတွက် Sony IMX766 50MP camera တပ်ဆင်ထားမယ်လို့သိရပြီး 13MP 2X telepho...