Sony Xpeia 1 II ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ပွဲထွက်ခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး Snapdragon 865 သုံး Flagship ဖုန်းလည်း ဖြစ်ခဲ့ပါတယ်။ စတင်ဖြန့်ချိတဲ့အချိန်မှာ Black နဲ့ Purple နှစ်ရောင်ပဲ ရှိခဲ့ပေမယ့်၊ ပြီးခဲ့တဲ့လကစပြီး အရောင်သစ်ရလာမယ်လို့ သတင်းထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ Sony Xperia 1 II ရဲ့ တတိယမြောက် အရောင်သစ်ဟာ ဘာအရောင်လဲဆိုတာ သိရပါပြီ။ Mirror Lake Green လို့ နာမည်ပေးထားတဲ့ ဒီအရောင်နဲ့အမျိုးအစားကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဂျပန်ဈေးကွက်ထဲ စတင်ပြီး ဖြန့်ချိမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်ဝမ်ဈေးကွက်မှာတော့ ဂျပန်ထက် ၁၀ ရက်စောပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မယ်လို့လည်း သိရပါတယ်။ Sony Xpeira 1 II ဟာ အရောင်မျိုးကွဲသစ်အပြင် 12GB of RAM အမျိုးအစားလည်း ထပ်ပြီးရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ မူလကတော့ သိုလှောင်မှုပိုင်းမှာ ဂျပန်ဈေးကွက်အတွက် 128GB နဲ့ နိုင်ငံတကာဈေးကွက်အတွက် 256GB ဆိုပြီး နှစ်မျိုးရှိပေမယ့် RAM ပိုင်းမှာတော့ 8GB တစ်မျိုးတည်း ရှိခဲ့တာ ဖြစ်ပါတယ်။ Mirror Lake Green အရောင်သစ်နဲ့ ဟန်းဆက်ဟာ RAM ပိုင်းမှာ 12GB ဖြစ်သွားတာကလွဲရင်၊ ကျန်တဲ့ အစိတ်အပိုင်းတ...