Skip to main content

Posts

Showing posts from January, 2021

တွစ်တာက ဒေါ်နယ် ထရမ့် Account ကို ရာသက်ပန် Ban လိုက်ပြီ

ထရမ့် ထောက်ခံသူတွေ လွှတ်တော်ကို စီးနင်းခဲ့ပြီး နောက် ၁ နေ့ဖြစ်တဲ့ သောကြာနေ့မှာ တွစ်တာက သမ္မတ ထရမ့် အကောင့်ကို ထာဝရ Ban လိုက်ပါတယ်။ တွစ်တာက “ ထရမ့် အကောင့်က ပို့စ်တွေကို သေသေချာချာ လေ့လာပြီးနောက်မှာ အကြမ်းဖက်မှုတွေ နောက်ထပ် ဖြစ်ပွားနိုင်တဲ့အတွက် ထာဝရ Ban လိုက်ပါတယ်။ “ လို့ သောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်ကို သမ္မတ အသစ် အဖြစ် အသိအမှတ်ပြုတော့မယ့် လွှတ်တော်ကို ဝင်ရောက် အကြမ်းဖက်ဖို့ ထရမ့်က ထောက်ခံသူတွေကို လှုံ့ဆော်ပြီးနောက်မှာ တွစ်တာက အခုလို Ban လိုက်တာပါ။ အဲဒီ အစောပိုင်းမှာ ထရမ့်ဟာ ရွေးကောက်ပွဲမှာ မဲခိုးတယ်ဆိုတဲ့ ပို့စ်တွေကို တင်ခဲ့ပြီးနောက် တွစ်တာက စည်းကမ်းနဲ့ မညီတဲ့အတွက် ထရမ့် အကောင့်ကို ၁၂ နာရီကြာ ယာယီ ပိတ်ပင်ခဲ့ပါသေးတယ်။ တွစ်တာဟာ ထရမ့် စည်းကမ်း ထပ်မံချိုးဖောက်ရင် ထာဝရ Ban မယ်လို့ အဲဒီအချိန်ကတည်းက သတိပေးခဲ့တာ ဖြစ်ပါတယ်။ တွစ်တာက ထရမ့်ရဲ့ ပို့စ် ၂ ခုဟာ စည်းကမ်းနဲ့ မညီခဲ့တဲ့အတွက် ထာဝရ Ban မယ်လို့ အသိပေးခဲ့ကြောင်း သောကြာနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကြာသပတေးနေ့ကလည်း Facebook ဟာ ထရမ့် အကောင့်ကို အကန့်အသတ် မရှိ Ban လိုက်ပြီး စီအီးအို မတ်ဇူကာဘတ်က ထရမ့်ဟာ ဒီမိုကရေစီ နည်...

ကျောဘက်ကင်မရာဖွဲ့စည်းပုံ အသစ်နဲ့ Xiaomi Mi 11 Pro ရဲ့ Render ပေါက်ကြားထွက်ပေါ်လာ

Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလထဲမှာ Mi 11 ကို တရားဝင် မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဖြန့်ချိတဲ့ကာလတိုတောင်းသေးတယ်ဆိုပေမယ့် Mi 11 ကိုကြိုက်နှစ်သက်သူများပြားပြီး၊ ဒီနေ့အထိလည်း ကောင်းမွန်တဲ့ ရလဒ်ကို ဖော်ဆောင်နေတာ တွေ့မြင်ရပါတယ်။ Weibo မှာ ပျံ့နှံ့နေတဲ့သတင်းက သိပ်မဝေးတဲ့အချိန်ကာလအတွင်း Xiaomi Mi 11 Pro ကို မိတ်ဆက်လာတော့မယ် ဆိုတာပါပဲ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း Mi 10 နဲ့ Mi 10 Pro တွေကို မရှေးမနှောင်းမှာတင် ဖြန့်ချိခဲ့တာကြောင့် Mi 11 Pro ကို မကြာခင်မိတ်ဆက်မယ်ဆိုတာဟာ အဓိပ္ပါယ်ရှိတယ်လို့ ဆိုရပါလိမ့်မယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ Render ပုံရိပ်တွေမှာတော့ Mi 11 Pro ကို Blue နဲ့ Silver ဆိုပြီး အရောင်နှစ်မျိုးနဲ့ တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျောဘက်ကင်မရာဖွဲ့စည်းပုံကတော့ အံ့အားသင့်စရာပုံစံဖြစ်ပြီး၊ Mi 11 နဲ့ လုံးဝကို မတူညီတဲ့ ဒီဇိုင်းဖြစ်နေတာကို တွေ့မြင်ရပါတယ်။ Mi 11 Pro မှာ ကျောဘက်ကင်မရာ လေးလုံးပါဝင်ပါတယ်။ တစ်မျိုးကတော့ Periscope zoom အမျိုးအစား ဖြစ်ပြီးဘေးမှာ “120x” လို့ရေးထိုးထားတာကို တွေ့ရပါတယ်။ Xiaomi အနေနဲ့ Mi 11 Pro ရဲ့ Digitally zoom ကို Mi 10 Ultra ထက် နည်းတာမျိုး မလိုချင်ဘူးလို့ ယုံကြည်ရပါတယ်...

ဈေးအသက်သာဆုံးSnapdragon 888 5G သုံး Redmi Smartphone ထွက်ပေါ်လာတော့မည်(Redmi K40‌Pro)

Snapdragon 888 ကိုမိတ်ဆက်ခဲ့ပြီး မကြာခင်မှာပဲ Company အသီးသီးကနေ Snapdragon 888 သုံး Smartphoneတွေကို ထုပ်လုပ်လာတော့မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ် ။ Xiaomi , Samsung , Realme , OnePlus , OPPO စတဲ့ Android Phone Companyတွေကုန် ကြေငြာခဲ့ပေမယ့် ပထမဆုံး Snapdragon 888 သုံး Smartphoneအဖြစ် ထွက်ပေါ်လာတာကတော့ Xiaomi Mi 11 ပဲဖြစ်ပါတယ် ။  ဒီနောက်မှာတော့ Xiaomi ရဲ့ Sub-Brand Redmi ကနေလည်း Snapdragon 888 သုံး Smartphone ကိုထုတ်လုပ်လာတော့မှာဖြစ်ပါတယ် ။ အဆိုပါ Redmi Phone ဟာ Code Name Haydn လို့အမည်ရပြီး Model Name K11 လို့သိရပါတယ် ။ Digital Chat Station ကလည်း အဆိုပါ Redmi Phone ဟာ ဈေးအသက်သာဆုံး Snapdragon 888 သုံး Smartphoneဖြစ်လာမယ်လို့ဆိုထားပါတယ် ။  Redmi General Manager Lu Weibingကလည်း Snapdragon 888 Phone ကို Tease လုပ်ထားပြီးပါပြီ ။ Redmi အနေနဲ့ K40 Pro လို့ပဲနာမည်ပေးလာမလား ဒါမှမဟုတ် K11 လို့ပဲနာမည်ပေးလာမလား စောင့်ကြည်ရပါမယ် ။ ဒါ့အပြင် Code Name Emperor လို့ သိရတဲ့ Snapdragon 888 ပါ၀င်လာမယ့် BlackShark Gaming Phone ကိုလည်း မကြာခင်မှာပဲ မိတ်ဆက်ပါဦးမှာပါ ။ 

ROG Gaming Phone အား Android 10 Update ပေးတော့မည် မဟုတ်ကြောင်း Asus ကြေငြာ

Asus အနေနဲ့လွန်ခဲ့တဲ့ 2018 တုတ်ကထုတ်ထားတဲ့ ပထမဆုံး ROG Phone ကို Android 10 Update ပေးတော့မှာ မဟုတ်ကြောင်း ကြေငြာခဲ့ပါတယ် ။ စထွက်တုန်းက Android 8.1 Oreo နဲ့ဖြစ်ပြီး နောက်ပိုင်းမှာ Android 9.0 Pie ကို ထုတ်ပေးခဲ့ပါတယ် ။ Snapdragon 845 ကိုအသုံးပြုပေးထားပြီး အခုချိန်မှာ Android 10 ကို ကောင်းကောင်းကြီး Handle လုပ်နိုင်နေဆဲဖြစ်ပေမယ့် ကံမကောင်းစွာပဲ ရရှိတော့မှာမဟုတ်ပါဘူး ။ Snapdragon 845 သုံးထားတဲ့ အခြားသော Company တွေရဲ့ Smartphoneတွေကတော့ Android 10 ကို ရရှိနေတာကြာပါပြီ ။ POCO F1 ဆိုရင် လွန်ခဲ့တဲ့ နှစ်ကတည်းက Android 10 ကို ရရှိနေတာပါ ။ ROG လို ဈေးကြီးတဲ့ ဖုန်းကို မပေးတာကတော့ Asus အနေနဲ့ မမိုက်ပါဘူး ။ ဒါ့အပြင် Original ROG Phone ဟာ Xiaomi Device တွေလို Developer တွေကြား Popular မဖြစ်လှတာကြောင့် Custom Rom ဆိုတာလည်း မရှိပါဘူး ။ ဆိုတော့ ROG Phone သုံးနေတဲ့သူတွေ အနေနဲ့ Android 9 Pie မှာပဲ ကျေနပ်ရတော့မှာပါ။

3C မှာ 15W Charging နဲ့ Certification ရလာပြီဖြစ်တဲ့ Samsung Galaxy A52 5G

Samsung Galaxy A52 5G အ ကြောင်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ပြောနေခဲ့ကြတာပါ။ Snapdragon 750G နဲ့ Geekbench မှာတွေ့ခဲ့ရပြီးတဲ့ ဒီဟန်းဆက်ဟာ နှစ်ကူးပြီးသွားတဲ့နောက်မှာတော့ ဈေးကွက်ထဲကိုဖြန့်ချိဖို့ ပိုပြီးနီးကပ်လာပြီပဲ ဖြစ်ပါတယ်။ အခုလည်း မော်ဒယ်နံပါတ် SM-A5260 နဲ့ Galaxy A52 5G ကို တရုတ် 3C မှာ 15W charging နဲ့အတူ Certification ရတာကို တွေ့မြင်ရပြီဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ဟာ Charging နဲ့ပတ်သက်တဲ့အချက်အလက်ကလွဲပြီး တခြားအချက်အလက်ကို ဖော်ပြထားခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် Geekbench ဖော်ပြချက်အရ ကုဒ်နံပါတ် SM-A526b နဲ့ Galaxy A52 5G ဟာ Snapdragon 750G chipset နဲ့ 6GB of RAM ကို တွဲဖက်ထားပြီး Android 11 မောင်းနှင်ထားတာကို တွေ့မြင်ရပါတယ်။ အခြားတစ်ဖက်မှာတော့ 4G မူကွဲ (SM-A525F) ဟာ Snapdragon 720G နဲ့ 8GB of RAM ကို တွဲဖက်ထားတာ ဖြစ်ပါတယ်။ Renders တွေအရ Galaxy A52 5G ဟာ 6.5-inch “Punch-hole display” နဲ့ဖြစ်ပြီး ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားတာကို တွေ့မြင်နိုင်ပါတယ်။ In-screen fingerprint reader လည်း ပါဝင်ပြီး 3.5mm headphone jack လည်း ထောက်ပံ့ထားတာလည်း ဖြစ်ပါတယ်။

AnTuTu မှာ စံချိန်တင်ပြီး Geekbench မှာလည်း ရလဒ်ကောင်းနေခဲ့တဲ့ OPPO Find X3

OPPO Find X3 စီးရီးကို ဒီနှစ်ရဲ့ ပထမသုံးလပတ်ထဲမှာပဲ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ရက်က OPPO Find X3 နဲ့ ပတ်သက်တဲ့သတင်းနှစ်ခု ထွက်ပေါ်လာပါတယ်။ ပထမတစ်ခုကတော့ Find X3 ဟာ AnTuTu မှာ စံချိန်တင်ရမှတ်ကို ရရှိခဲ့တဲ့အကြောင်းပါ။ AnTuTu မှာမြင်တွေ့ရတာကတော့ OPPO Find X3 ရဲ့ ရမှတ်ဟာ 771,491 မှတ်ပဲ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ တစ်ဆက်တည်းဆိုသလိုပဲ Geekbench မှာ Snapdragon 888 နဲ့ Find X3 (ဒါမှမဟုတ် X3 pro) ကို တွေ့မြင်လာရပြန်ပါတယ်။ မော်ဒယ်နံပါတ်ကတော့ CPH2173 နဲ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Find X2 ရဲ့မော်ဒယ်နံပါတ်ဟာ CPH2023 ဖြစ်ပြီး X2 Pro ကတော့ CPH2025 ဖြစ်ခဲ့ပါတယ်။ မော်ဒယ်နံပါတ် OPPO CPH2173 နဲ့ Device ဟာ Snapdragon 888 chipset နဲ့အတူ 12GB of RAM, Android 11 မောင်းနှင်ထားတာကို တွေ့ရပါတယ်။ ရလဒ်တွေကတော့ Single-Core မှာ 1,134 မှတ်၊ Multi-Core မှာ 3,660 မှတ်တို့ပဲ ဖြစ်ပါတယ်။ ဒီရမှတ်တွေဟာ Qualcomm က တရားဝင်မျှဝေထားတာနဲ့ ကိုက်ညီပါတယ်။ OPPO Find X3 ဟာ 6.7-inch QHD+ 120Hz AMOLED မျက်နှာပြင်နဲ့ ဖြစ်မယ်လို့ သိရပါတယ်။ ကင်မရာပိုင်းအတွက် Sony IMX766 50MP camera တပ်ဆင်ထားမယ်လို့သိရပြီး 13MP 2X telepho...