Skip to main content

❝ Blood Oxygen Service Officially Support on Myanmar ❞


Apple ကနေ Apple Watch Series 6 ကို စမိတ်ဆက်ခဲ့တုန်းက COVID-19 ကာလမှာ အသုံးဝင် Feature တစ်ခုဖြစ်တဲ့ Blood Oxygen Level တိုင်းတာတဲ့ Feature ကို အဓိက Highlight လုပ်ပြီး မိတ်ဆက်ခဲ့တာ အားလုံးသိပြီးသားဖြစ်မှာပါ။ အဲဒီ Feature ဟာ Region ကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့ Myanmar Region မှာသုံးလို့မရခဲ့ဘူး။ အခုအချိန်မှာ Blood Oxygen(SpO2) တိုင်းတာဖို့အတွက်ကို အရင်လို Region ကန့်သတ်ချက်တွေမရှိတော့ပါဘူး...။ Apple ကနေ Blood Oxygen Service Official Support ပေးတဲ့ နိုင်ငံစာရင်းတွေထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ တရားဝင် ပါဝင်လာပြီဖြစ်ပါတယ် ..။ အဲ့ဒီအတွက် Apple Watch Series 6 ဝယ်မဲ့သူများ အနေနဲ့ Blood Oxygen တိုင်းတာလို့မရမှာကိုစိတ်ပူစရာမလိုတော့ပါဘူးခင်ဗျ။ နောက် Series 6 ဝယ်ပြီး Blood Oxygen Service မရသေးသူတွေက watchOS 7.2 ကို Update မြင့်ပြီး ချိတ်ထားတဲ့ iPhone ကို iOS 14.3 မြင့်လိုက်ရုံဖြင့်Blood Oxygen (SpO2) တိုင်းတာလို့ရပြီဖြစ်ပါတယ်။
Blood Oxygen Service သာ Support ပေးပြီး ECG Feature ကတော့ မရသေးပါဘူး။

Comments