Skip to main content

Posts

Showing posts from December, 2020

OnePlus 9 ရဲ့ ပကတိရုပ်ပုံ ပေါက်ကြားပေါ်ထွက်လာပြီ

OnePlus က လာမယ့်နှစ် ပထမသုံးလပတ်အတွင်း မိတ်ဆက်မယ့် စီးရီးမှာ OnePlus 9, OnePlus 9 Pro နဲ့ OnePlus 9 Lite သုံးမျိုး ပါဝင်ပါတယ်။ OnePlus 9 လို့ ယူဆရတဲ့ ဟန်းဆက်ကိုတော့ လွန်ခဲ့တဲ့ နိုဝင်ဘာလလယ်လောက်ကတည်းက Geekbench ပေါ်မှာ တွေ့ခဲ့ရတာပါ။ OnePlus 9 စီးရီးဝင် ဟန်းဆက်တွေရဲ့ အချက်အလက်တွေဟာ ပေါက်ကြားမှုတွေ့ကတစ်ဆင့်သာ သိရှိနေရဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ Vanilla OnePlus 9 ရဲ့ ပကတိပြင်ပဓါတ်ပုံလည်း ပေါက်ကြားထွက်ပေါ်လာတာကို တွေ့မြင်ရပါတယ်။ ပကတိဓါတ်ပုံအချို့ဟာ OnePlus 9 ရဲ့ Punch-hole ကင်မရာနဲ့ Reverse wireless charging feature တွေကို အတည်ပြုခွင့် ပေးအပ်သွားပါတယ်။ လက်ရှိအချိန်မတိုင်ခင်တော့ ဒီအမှတ်တံဆိပ်အောက်မှာ OnePlus 8 Pro ကပဲ Wireless နဲ့ Reverse wireless charging စနစ်ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ OnePlus 8 စီးရီးတုန်းကတော့ Reverse ကြိုးမဲ့အားသွင်းစနစ်ဟာ Pro မော်ဒယ်အတွက်ပဲ ဖြစ်ခဲ့ပါတယ်။ အခုတော့ OnePlus 9 မှာလည်း 30W ကြိုးမဲ့အားသွင်းစနစ်နဲ့ Reverse ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့လာပြီ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ အချက်အလက်တွေက Vanilla OnePlus 9 မှာ 4,500mAh ဘက်ထရီတပ်ဆင်ထားမယ်ဆိုတာနဲ့၊ 65W အမြန်အာ...

❝ Blood Oxygen Service Officially Support on Myanmar ❞

Apple ကနေ Apple Watch Series 6 ကို စမိတ်ဆက်ခဲ့တုန်းက COVID-19 ကာလမှာ အသုံးဝင် Feature တစ်ခုဖြစ်တဲ့ Blood Oxygen Level တိုင်းတာတဲ့ Feature ကို အဓိက Highlight လုပ်ပြီး မိတ်ဆက်ခဲ့တာ အားလုံးသိပြီးသားဖြစ်မှာပါ။ အဲဒီ Feature ဟာ Region ကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့ Myanmar Region မှာသုံးလို့မရခဲ့ဘူး။ အခုအချိန်မှာ Blood Oxygen(SpO2) တိုင်းတာဖို့အတွက်ကို အရင်လို Region ကန့်သတ်ချက်တွေမရှိတော့ပါဘူး...။ Apple ကနေ Blood Oxygen Service Official Support ပေးတဲ့ နိုင်ငံစာရင်းတွေထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ တရားဝင် ပါဝင်လာပြီဖြစ်ပါတယ် ..။ အဲ့ဒီအတွက် Apple Watch Series 6 ဝယ်မဲ့သူများ အနေနဲ့ Blood Oxygen တိုင်းတာလို့မရမှာကိုစိတ်ပူစရာမလိုတော့ပါဘူးခင်ဗျ။ နောက် Series 6 ဝယ်ပြီး Blood Oxygen Service မရသေးသူတွေက watchOS 7.2 ကို Update မြင့်ပြီး ချိတ်ထားတဲ့ iPhone ကို iOS 14.3 မြင့်လိုက်ရုံဖြင့်Blood Oxygen (SpO2) တိုင်းတာလို့ရပြီဖြစ်ပါတယ်။ Blood Oxygen Service သာ Support ပေးပြီး ECG Feature ကတော့ မရသေးပါဘူး။

နောက်လမှာမိတ်ဆက်ပေးသွားမဲ့ Samsung Galaxy S21 Series အကြောင်း

Samsung က သူတို့ရဲ့ Flagship Lineup ဖစ်တဲ့ Galaxy S21 Series ကို နောက်လ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့သိရပါတယ်။ Pre-Order မှာမဲ့ သူတွေအတွက် Galaxy Buds Pro ကို လက်ဆောင်ပေးသွားမှာဖစ်ပါတယ်။ Samsung Galaxy S21 ဖုန်းရဲ့ အရှေ့ဖက် Design ကို ကြည့်မယ်ဆို ရင် S21 ကော S21+ မှာ Flat Display ကိုပဲ သုံးသွားမှာဖစ်ပါတယ်။ Camrea cutout က တော့ S20 တုန်းကလို Small Punch Hole နဲ့ Slim Bezels တွေနဲ့လာမှာပါ။ Samsung Galaxy S21+ S21+ ဟာ S21 နဲ့ အကုန်နီးပါးတူညီပါတယ် Screen Size ပဲကွာသွားမှာပါ။ Aluminium Body ကို သုံးပေးသွားမှာ ဖစ်ပီး Volume Rocker နဲ့ Power Button ကို ဖုန်းရဲ့ ညာဖက်မှာထားပေးထားပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက် ကိုကြည့်မယ်ဆိုရင် ပြောင်းလဲ ထားတဲ့ Camera Design အသစ်ကို တွေ့ရမှာဖစ်ပါတယ်။ Camrea Bump ထဲမှာ တော့  12-megapixel main camera, a 12-megapixel ultra-wide-angle shooter, and a 64-megapixel telephoto တို့ကို ထည့်သွင်းပေးထားပါတယ်။ Samsung Galaxy S21 Ultra S21 Ultra မှာတော့ပိုပီး စိတ်၀င်စားစရာကောင်းတဲ့ Camera Setup ကိုသုံးပေးမှာ ဖစ်ပါတယ်။ 108-megapixel Main Sensor, 12-megapixel ultrawide, 10...