Skip to main content

Camera Design အသစ်နဲ့ Galaxy S21

Render Version ပေမယ့် တော်တော်လေးမိုက်တယ်လို့ပြောရမယ် ဘာလို့လဲဆိုရင် S20 တုန်းက Camera Design ထက် အခု Design က ပိုပြီး​​သေသပ်သလိုပါပဲ။ ကျွန်တော်ကပဲ ပြဲကားနေတဲ့ Camera ကြီးမကြိုက်လို့လားတော့မသိဘူး။

အဲ့တော့ အခုထွက်လာတဲ့ Render Design ကို @OnLeaks က Steve Hemmerstoffer ဆိုတဲ့ Leaker တစ်ယောက်က Voice ဆိုတဲ့ Website မှာ Share ခဲ့တာဖြစ်ပါတယ်။

Selfie Camera ကတော့ ပုံထဲကအတိုင်းပြောမယ်ဆိုရင် 6.2-inch Display ပေါ်မှာ Infinity O Punch Hole နဲ့ပဲလာဦးမှာပါ။

ဒါပေမယ့်လုံးဝပြောင်းသွားတာကတော့ Main Camera Design ပဲဖြစ်ပါတယ်။ သူ့ရဲ့ အခု Design မှာ Camera Bump လေးက ဘေးဘက်ဘောင်ကနေ နောက်ကျောဘက်ကို ဝိုက်ထွက်လာသလိုမျိုးလေးဆိုတော့ ကျွန်တော်အတွက်နည်းနည်းဆန်းတဲ့ Design ပဲဗျ။ LED Flash ကတော့ Bump ထဲမှာမဟုတ်တော့ပဲအပြင်ရောက်သွားပါတယ်။ Camera Setup ကိုကြည့်မယ်ဆိုရင် S20 နဲ့ Note20 series တွေတုန်းကလို 108MP Sensor ပြန်ပါလာနိုင်ချေရှိပြီးတော့ ကျန်တဲ့နှစ်လုံးက Ultra Wide Angle နဲ့ Telephoto Zoom lens တွေကိုမှ Upgrade Version အနေနဲ့ပါလာနိုင်ပါတယ်။

Device ရဲ့ Dimensions ကတော့ (151.7 x 71.2 x 7.9mm) ထုတည်နဲ့ Camera Bump ပါပေါင်းရင်တော့ ဖုန်းရဲ့ အထူက 9mm ရှိပါမယ်။

တခြား Specs တွေကိုမသိရသေးပေမယ့် Geekbench Score မှာ Snapdragon 875 ထက်သာခဲ့ Exynos 1080 Chip ကိုအသုံးပြုပေးသွားမယ်လို့ဆိုပါတယ်။

Comments