Skip to main content

Posts

Showing posts from October, 2020

Redmi K30S ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Xiaomi

Xiaomi ဟာ Mi 10T Series စမတ်ဖုန်းတွေကို Global စျေးကွက်မှာ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Mi 10T Series ကိုပဲ တရုတ်နိုင်ငံစျေးကွက်အတွက် Redmi K30S အနေနဲ့ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ Xiaomi ကနေ အခုအချိန်အထိ Redmi K30S ကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ပြောကြားခဲ့ခြင်းမရှိပေမယ့်လည်း သတင်းတွေ Leak သတင်းတွေအရတော့ လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။  အဆိုပါ Redmi K30S စမတ်ဖုန်းဟာ Mi 10T Pro အစား Mi 10T ကိုပဲ နာမည်ပြောင်းလဲမိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။RAM နဲ့ Storage အနေနဲ့ကတော့ 6GB + 128GB ၊ 8GB + 128GB အပြင် RAM 12GB Version ပါမိတ်ဆက်လာနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ ဘယ်လောက်ဖြစ်မလဲဆိုတာကို အတိအကျမသိရှိရသေးပေမယ့် လက်ရှိ Redmi K30 Pro နဲ့ K30 Ultra ဖုန်း ၂ လုံးရဲ့ စျေးနှုန်းနဲ့ ပိုပြီးဆင်တူနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အဲ့ဒီအတွက် Redmi K30S စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Chipset ၊ 6.67″ 144Hz LCD Display နဲ့ 64MP Primary Sensor ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Battery အနေနဲ့လည်း 5000mAh Battery ...

Camera Design အသစ်နဲ့ Galaxy S21

Render Version ပေမယ့် တော်တော်လေးမိုက်တယ်လို့ပြောရမယ် ဘာလို့လဲဆိုရင် S20 တုန်းက Camera Design ထက် အခု Design က ပိုပြီး​​သေသပ်သလိုပါပဲ။ ကျွန်တော်ကပဲ ပြဲကားနေတဲ့ Camera ကြီးမကြိုက်လို့လားတော့မသိဘူး။ အဲ့တော့ အခုထွက်လာတဲ့ Render Design ကို @OnLeaks က Steve Hemmerstoffer ဆိုတဲ့ Leaker တစ်ယောက်က Voice ဆိုတဲ့ Website မှာ Share ခဲ့တာဖြစ်ပါတယ်။ Selfie Camera ကတော့ ပုံထဲကအတိုင်းပြောမယ်ဆိုရင် 6.2-inch Display ပေါ်မှာ Infinity O Punch Hole နဲ့ပဲလာဦးမှာပါ။ ဒါပေမယ့်လုံးဝပြောင်းသွားတာကတော့ Main Camera Design ပဲဖြစ်ပါတယ်။ သူ့ရဲ့ အခု Design မှာ Camera Bump လေးက ဘေးဘက်ဘောင်ကနေ နောက်ကျောဘက်ကို ဝိုက်ထွက်လာသလိုမျိုးလေးဆိုတော့ ကျွန်တော်အတွက်နည်းနည်းဆန်းတဲ့ Design ပဲဗျ။ LED Flash ကတော့ Bump ထဲမှာမဟုတ်တော့ပဲအပြင်ရောက်သွားပါတယ်။ Camera Setup ကိုကြည့်မယ်ဆိုရင် S20 နဲ့ Note20 series တွေတုန်းကလို 108MP Sensor ပြန်ပါလာနိုင်ချေရှိပြီးတော့ ကျန်တဲ့နှစ်လုံးက Ultra Wide Angle နဲ့ Telephoto Zoom lens တွေကိုမှ Upgrade Version အနေနဲ့ပါလာနိုင်ပါတယ်။ Device ရဲ့ Dimensions ကတော့ (151.7 x 71.2 x 7.9mm)...

တရုတ်နိုင်ငံမှာ အစောဆုံးထွက်ရှိမယ့် Snapdragon 875 ဖုန်းဖြစ်လာမယ့် Xiaomi Mi 11

Qualcomm ဟာ လာမယ့်နှစ်မှာထွက်ရှိလာမယ့် Flagship ဖုန်းတွေအတွက် Snapdragon 875 Chipset အသစ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ အဆိုပါ Snapdragon 875 Chipset ကို အရင်ဆုံး အသုံးပြုလာမယ့် Flagship ဖုန်းက Xiaomi Mi 11 ဖြစ်လာနိုင်ပါတယ်။ ယခုသတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပြီး Xiaomi ဟာ Qualcomm ဆီကနေ Snapdragon 875 Chipset တွေကို အစောဆုံးရယူထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော တရုတ်စမတ်ဖုန်းကုမ္ပဏီတွေထက် အချိန်အတိုင်းအတာတစ်ခုအထိ ကြိုတင်မိတ်ဆက်နိုင်အောင် Exclusive ရယူထားတယ်လို့လည်း သိရပါတယ်။ Xiaomi ရဲ့ စမတ်ဖုန်းတွေဟာ Qualcomm Snapdragon Chipset တွေကို အမြဲတမ်းလိုလို အစောဆုံးရရှိပြီး မိတ်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဥပမာ Redmi K30 5G Racing Edition ဆိုရင်လည်း လက်ရှိအချိန်အထိ Snapdragon 768 Chipset ကိုအသုံးပြုထားတဲ့ တစ်ခုတည်းသောစမတ်ဖုန်းဖြစ်နေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် Xiaomi Mi 11 ဟာ တရုတ်နိုင်ငံစမတ်ဖုန်းကုမ္ပဏီတွေထဲမှာ ပထမဆုံးသော Snapdragon 875 Chips...

Sony Xperia 1 II မှာ Mirror Lake Green 12GB RAM အမျိုးအစားသစ် ထပ်ပြီးတိုးလာပြီ

Sony Xpeia 1 II ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ပွဲထွက်ခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး Snapdragon 865 သုံး Flagship ဖုန်းလည်း ဖြစ်ခဲ့ပါတယ်။ စတင်ဖြန့်ချိတဲ့အချိန်မှာ Black နဲ့ Purple နှစ်ရောင်ပဲ ရှိခဲ့ပေမယ့်၊ ပြီးခဲ့တဲ့လကစပြီး အရောင်သစ်ရလာမယ်လို့ သတင်းထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ Sony Xperia 1 II ရဲ့ တတိယမြောက် အရောင်သစ်ဟာ ဘာအရောင်လဲဆိုတာ သိရပါပြီ။ Mirror Lake Green လို့ နာမည်ပေးထားတဲ့ ဒီအရောင်နဲ့အမျိုးအစားကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဂျပန်ဈေးကွက်ထဲ စတင်ပြီး ဖြန့်ချိမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်ဝမ်ဈေးကွက်မှာတော့ ဂျပန်ထက် ၁၀ ရက်စောပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မယ်လို့လည်း သိရပါတယ်။ Sony Xpeira 1 II ဟာ အရောင်မျိုးကွဲသစ်အပြင် 12GB of RAM အမျိုးအစားလည်း ထပ်ပြီးရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ မူလကတော့ သိုလှောင်မှုပိုင်းမှာ ဂျပန်ဈေးကွက်အတွက် 128GB နဲ့ နိုင်ငံတကာဈေးကွက်အတွက် 256GB ဆိုပြီး နှစ်မျိုးရှိပေမယ့် RAM ပိုင်းမှာတော့ 8GB တစ်မျိုးတည်း ရှိခဲ့တာ ဖြစ်ပါတယ်။ Mirror Lake Green အရောင်သစ်နဲ့ ဟန်းဆက်ဟာ RAM ပိုင်းမှာ 12GB ဖြစ်သွားတာကလွဲရင်၊ ကျန်တဲ့ အစိတ်အပိုင်းတ...

ARM-powered Mac ကွန်ပျူတာများကို နို၀င်ဘာလ ၁၇ ရက်နေ့ မှာ မိတ်ဆက်လာနိုင်ဖွယ်ရှိ

  Apple ဟာ iPhone 12 Series တွေကို  October 13 တွင် တရား၀င် မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ လည်း လာမယ့် နို၀င်ဘာလ အတွင်းမှာ နောက်ထပ် Event တစ်ခုကို ပြုလုပ်သွားဖို့ ရှိနေပီးတော့ Macbook တွေအတွက်ဖြစ်နိုင်တယ်လို့ သိရပါတယ်။  ARM-powered MacBook အသစ်တွေဟာ 5nm Architecture ကို အခြေခံထားတဲ့ Apple Silicon Chipset တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။ iPhone 12 Series နဲ့ iPad Air 4 မှာ အသုံးပြုထားတဲ့ A14 Bionic ထက်စွမ်းဆောင်ရည်ပိုကောင်းတဲ့ A14X ဖစ်လာနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၈၀၀ ၀န်းကျင်က စပြီး မိတ်ဆက်သွားနိုင်ပါတယ်။ Source : GSMArena