Why can't I copy large files over 4GB to my USB flash drive? ☺️Here Check out this way!☺️ နည်းလမ်းကတော့ရိုးရှင်းပြီးလွယ်ကူပါတယ်။သာမန်အားဖြင့် USB flash drive တွေရဲ့Format က FAT32 ဖြစ်ပါတယ်။ဒါကြောင့် File Size ကြီးတာတွေကူးမယ်ဆို ဘယ်လိုမှမရပါဘူး။ဒါကြောင့် USB Flash Drive ရဲ့Format ကိုပြောင်းပေးရပါမယ်။ဒီနေရာမှာ တစ်ခုသတိထားရမှာက Format ပြောင်းမယ်ဆိုရင် Stick ထဲမှာရှိတဲ့ File တွေအကုန်ပျက်မှာပါ။ ဒါကြောင့် Format မပြောင်းခင်တော့ Back Up လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးပြီဆိုရင်တော့ ကိုပြောင်းမဲ့ flash drive ပေါ်မှာ Right Click ထောက်ပါ။ ပြီးရင် Format ဆိုတာကိုနှိပ်ပါ။ file system ဆိုတာတွေ့ပါလိမ့်မယ်။ Down Arrow လေးကိုနှိပ်ပြီး FAT32 to NTFS ပြောင်းပေးလိုက်ပါ။ ပြီးရင် Start ဆိုတာလေးကိုနှိပ်လိုက်ပါ။ Warning ဆိုတဲ့ Alert Box ကျလာရင် Ok နှိပ်ပေးလိုက်ပါ။ ပြီးရင် ပြန်ကူးကြည့်ပါအဆင်ပြေသွားပါလိမ့်မယ်။ ✷Thanks For Visiting My Blog✷